ရေကြည် ဧပြီ ၁၉
ယခုအခါရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လေ့ရှိသည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ရေကြည်မြို့နယ်အတွင်းရှိ ကျွဲတလင်းကျေးရွာအုပ်စုရှိ ဘုရားတန်ဆောင်းအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးချိပ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ်များထားရှိရေးနှင့် မီးဘေးအန္တရာယ်အထူးဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)