အိမ်မဲမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၏ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနား ကျင်းပ

အိမ်မဲ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာ ဦးစီးဌာန၏ နှစ်ခန်းတွဲ  ဝန်ထမ်းအိမ်ယာ ပန္နက်တင် အခမ်းအနားကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါနှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ (40'×30'×11') (RCC ၁ ထပ်) သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ခွင့်ပြုငွေတန်ဖိုး ၃၅ ဒသမ ၁) ကျပ် သန်းဖြင့် ရတနာရောင်စဉ်ဖြူကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ပန္နက်တင် အခမ်းအနားသို့ အိမ်မဲမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)