ရွှေကျင်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့နယ်အတွင်း လှည့်လည်ပူဇော်ပွဲကျင်းပ

ရွှေကျင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့၌ မြို့နယ်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ယမန်နေ့ညနေ (၆) နာရီအချိန်မှစ၍ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်း မြန်မာနှစ်ဆန်း (၁) ရက်နေ့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကြည်ညိုသဒ္ဒါပွားများနိုင်စေရန် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်းနှင့်အဖွဲ့ဝင်များမှဦးဆောင်၍ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ ရပ်ကွက်တို့မှ နှစ်ကျိပ်ရှစ်ဆူဘုရားများအား မိမိတို့ရပ်ကွက်အလိုက် ကားများဖြင့် မြို့နယ်အတွင်း လှည့်လည်ပူဇော်ခံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)