မအူပင် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် လိုအပ်ချက်အရ ပိတ်ထားသည့် စည်ပင်သာယာ မြို့မစျေးနှင့် လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အိမ်ဆိုင်များ သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့သည့် မအူပင်မြို့မစျေး၊ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား (A)အဆင့် သတ်မှတ်ခွင့်ပြု ပေးထားသည့် ဆိုင်များအား ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၏ သတ်မှတ်စည်းကမ်းချက် များနှင့်အညီလိုက်နာ၍ဖွင့်လှစ်သွားရန် နှင့်သတ်မှတ် စည်းကမ်းချက်နှင့် ညီညွတ်သည့် ဖွင့်လှစ်ခွင့်ပြုသည့် ဆိုင်များအား စတင်ဖွင့်လှစ် ပေးခဲ့ကြောင်း မြို့နယ် စည်ပင် ကော်မတီထံမှ သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)