ဝေါ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဝေယျာဝစ္စအသင်း (၉၉) ကြိမ်မြောက် ဆွမ်းကြီးခံလောင်းလှူပွဲနှင့် မြို့ပတ်အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ ဆရာတော်၊ သံဃာတော် (၅၀၀) ကျော်အား အန္တရာယ်ကင်းပရိတ်တရားတော်နာယူကာ သံဃာတော်အရှင်သူမြတ်တို့အား မုန်းဆွမ်းအစရှိသော ဒါနဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်အလှူရှင်များက ဆွမ်းကြီးခံလောင်းလှူခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)