အလက(ခွဲ)၀င်းကမော့ကျောင်းတွင် steel structure (၁၂၀ပေ၊ ၃၀ပေ)(၁)ထပ်‌ကျောင်းဆောင်သစ် တည်ဆောက်ခြင်း(၃၅) ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ၀င်းကမော့ကျေးရွာ အလက(ခွဲ) ၀င်းကမော့ကျောင်းတွင် အန္တရာယ် ဆောင်ဖျက်သိမ်း၍ (၁၂၀'×၃၀') steel structure (၁)ထပ်ကျောင်းဆောင် သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၂၀) ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ယခုအခါ(၃၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ steel structure (၁၂၀'× ၃၀')(၁)ထပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အခြေခံ ပညာကျောင်း/ရုံးစာရင်း၏ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ ကျပ်(၇၈၄)သိန်းကျော်ခန့်ဖြင့် Marvel Koast ကုမ္မဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မေမြတ်နိုးထက်က တာ၀န်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းကျောင်းဆောင်သစ် ဆောက်လုပ် ပြီးစီးပါက အလက(ခွဲ)၀င်းကမော့ကျောင်းတွင် ပညာသင်ယူသော ကျောင်းသား/သူ(၂၄၄)ဦးတို့အ‌နေဖြင့် အဆင် ပြေချောမွေ့စွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)