အပူဒဏ်ကြောင့်ဖြစ်တတ်သည့် ရောဂါများ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန် ပြင်ဆင်ထားရှိ

ကျောက်တံခါး ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်နိုင်သောရောဂါများ ကုသပေးနိုင်ရေးအတွက် ပြင်ပလူနာဌာနအတွင်း လူနာဆောင်များတွင် ပြင်ဆင်ထားရှိလျက်ရှိပြီး အပူဒဏ်ကြောင့်ဖြစ်တတ်သည့်ရောဂါများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်ထားရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုများနှင့်အတူ အပူဒဏ်အန္တရာယ်ကြောင့် ရောဂါခံစားရသော လူနာများရောက်ရှိလာပါက ပြင်ပလူနာ အတွင်းလူနာဆောင်များတွင် လိုအပ်သောဆေးဝါးများနှင့် ကျန်းမာရေးဝန်ထမ်းများ အဆင်သင့်ဖြစ်နေစေရေး တာဝန်ပေးအပ်လျက်ရှိပြီး အချိန်မီလိုအပ်သော ကုသမှုများ ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ် (ပြန်/ဆက်)