ပြည် ဧပြီ ၁၆
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၌ ရေကစားသူများ အထူးစည်ကားများပြား လျက်ရှိသည်။
ရေကစာသူများအားဗဟိုမဏ္ဍပ်၌ သင်္ကြန်ဓလေ့ရိုးရာအစားအစာများ ကျွေးမွေးဧည့်ခံကြပြီး တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိရာ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်၏ နောက်ဆုံးရေကစားရက်ဖြစ်၍ ရေကစားသူများ ပိုမိုစည်ကားများပြားလျက်ရှိကြောင်းနှင့် ဆုရပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် ပိတ်သိမ်းပွဲအခမ်းအနားကိုလည်း ယနေ့ညနေပိုင်းတွင် စည်ကားသိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)