ကြို့ပင်ကောက် ဧပြီ ၁၆
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ သင်္ကြန်အတက်နေ့တွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူများ ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်နှင့် သင်္ကြန်ကာလကို ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်ရည်ရွယ်၍ ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုများအား နိုင်ငံကျော်အဆိုတော်များဖြင့်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
လမ်းလျှောက်သင်္ကြန်နှင့် ဗဟိုမဏ္ဍပ်အတွင်း ပြည်သူများအေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)