ကြံခင်း ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်အတက်နေ့နံနက် ၈ နာရီမှစ၍ ရေပက်ခံထွက်သူများ၊ ရေပက်ကစားကြသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ကြံခင်းမြို့တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလတွင် ဘုရားစေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်သီလ စောင့်ကြသူများ၊ တရားဘဝနာပွားများခြင်းနှင့် ရပ်ကွက်/ကျေးရွာများရှိ အလှူရှင်ခုနှစ်ရက်သားသမီးများက စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်းကားလျက်ရှိပြီး၊ မဟာသင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍပ်တွင် ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ သီဆိုဖျော်ဖြေလျက်ရှိရာ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများက ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ လက်ဖက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်တို့တွင် အနယ်နယ်အရပ်ရပ်မှ ကလေး၊ လူငယ်၊ လူလတ်အရွယ်စုံတို့က ပျော်ရွှင်စွာဖြင့် လာရောက်ဆင်နွှဲလျက်ရှိကြသည်။ ဆက်လက်ပြီး ယိမ်းအဖွဲ့များနှင့် သီဆိုဖျော်ဖြေကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ကြသည်။
အလားတူ ဘက်ရဲမြို့၌ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တို့တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ယိမ်းအဖွဲ့များဖြင့် အလှည့်ကျ နံနက် ၈ နာရီမှ ၁၂ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ည ၈ နာရီအထိ ဖျော်ဖြေလျက်ရှိရာ ဒေသခံပြည်သူများ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)