ဘိုကလေး ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်၌ မြို့နယ်လုံးဆိုင်ရာ မိသားစုရေကစားမဏ္ဍပ်အပါအဝင် မြို့နယ်တွင်းရှိ နေရာအနှံ့အပြားတွင် ရေဆော့ကစားကြသူများ စည်ကားလျက်ရှိသည်။
ဘိုကလေးမြို့နယ်တွင် ရေဆော့ကစားကြသူများက မြို့နယ်တွင်း နေရာအနှံ့အပြား၌ ရေပက်ခံလှည့်လည်ခြင်း၊ စတုဒီသာမဏ္ဍပ်များ၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်များတွင် ပါဝင်ရေဆော့ကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ဘုရား၊ စေတီ၊ ကျောင်းကန်များတွင်လည်း ဥပုဒ်သီလဆောက်တည်သူများ များပြားစွာရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)