ပြည် ဧပြီ ၁၆
၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့၌ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့်စည်ကားများပြားလျက်ရှိသည်။
ရေကစားလာရောက်သူများအား ဗဟိုမဏ္ဍပ်၌ သင်္ကြန်ဓလေ့ရိုးရာအစားအစာများဖြင့် နေ့စဉ်စတုဒိသာများကျွေးမွေးဧည့်ခံခြင်း၊ တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးများလိမ်းကျံပေးခြင်းနှင့် လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များကျွေးမွေးခြင်း အစီအစဉ်များဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိကာ ရေကစားသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက အဘက်ဘက်မှလိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)