သာယာဝတီ ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ယနေ့ မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက ရေကစားဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များ၊ ရေကစားရန် လာရောက်ကြသော ပြည်သူများစည်ကားလျက်ရှိသည်။
ဗဟိုမဏ္ဍပ်တွင် အလှည့်ကျ ဌာနဆိုင်ရာယိမ်းများ၊ ရပ်ကွက်ယိမ်းများ၊ ဖျော်ဖြေရေး တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှု၊ တေးဂီတဝိုင်းဖြင့်တေးသံရှင်များ၏ မြိုင်မြိုင်ဆိုင်ဆိုင် မြူးမြူးကြွကြွ တင်ဆက်ဖျော်ဖြေမှုများနှင့်ဟန်ချက်ညီ လာရောက်ရေကစားကြသူ ပြည်သူများကလည်း နှစ်သစ်ကူး မဟာသင်္ကြန်ပွဲ၏ အပျော်များကူးစက်ကာချစ်ခင်ရင်းနှီးစွာ ကခုန်၍ အထူးစည်ကားလျက်ရှိသည်။ ဗဟိုမဏ္ဍပ်ဘူတာလမ်းလျှောက်၌ သင်္ကြန်ပွဲတွင်လည်း ပျော်ရွှင်စွာရေကစားကြသူများဖြင့် ပြည့်နှက်နေပြီး စတုဒိသာဖြင့်ဧည့်ခံ ကျွေးမွေးခြင်း၊ ရေလာရောက်ကစားသူ ပြည်သူများကလည်း အမှတ်တရအလှ ဓာတ်ပုံများ၊ ဗွီဒီယိုရိုက်ကူးနေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)