လက်ပံတန်း ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်ကာကွယ်ရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အပူဒဏ်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ရေနှင့်သတ္ထုဓါတ်များ ပြန်လည်ဖြည့်တင်းရေးအတွက် ဓါတ်ဆားရည် ဖျော်စပ်နည်းများ သင်ကြားပေးခြင်း၊ အပူဒဏ်ကြောင့်နွမ်းနယ်ခြင်း ကြွက်တက်ခြင်းများဖြစ်ပေါ်ပါက ဆောင်ရန်/ရှောင်ရန်များကို ကျန်းမာရေး အသိပညာပေးခြင်း၊ သက်ကြီးရွယ်အိုများ စနစ်တကျ ရေချိုးနိုင်စေရေး ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ခမုံတိုက်နယ်ဆေးရုံ၊ ဇီးဖြူကုန်းတိုက်နယ်ဆေးရုံ၊ သာရဝေါတိုက်နယ်ဆေးရုံတို့တွင် လူနာများ လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ကြိုတင်ဖြည့်ဆည်းပြင်ဆင် ထားရှိခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)