မြောင်းမြတွင် မဟာသင်္ကြန်အကြတ်နေ့၊ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် ရေကစားသူများဖြင့် စည်ကား

မြောင်းမြ ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်သင်္ကြန်အကြတ်နေ့နံနက်ပိုင်းတွင် သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စည်ကားလျက်ရှိကြောင်း သိရသည်။

မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင်  မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်(၁)  ဗိုလ်မှူးအုန်းသိန်း၊ အဖွဲ့(၂) ရဲမှူးမြင့်လွင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးအဖွဲ့များက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတွင် ပြည်သူများပျော်ရွှင်စွာဆင်နွဲနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)