စစ်ကိုင်း ဧပြီ ၁၅
စစ်ကိုင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များကို ယနေ့နံနက် ၈ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ အနုပညာရှင်နှင့် ဝါသနာရှင်အဆိုတော်များ၏ တေးဂီတအစီအစဉ်များဖြင့် ကပြ၊ သီဆိုဖျော်ဖြေလျက်ရှိရာ ပျော်ရွှင်စွာ ရေကစားကြသည်။
သင်္ကြန်ပွဲတော်လာရောက်သူများအား ဌာနဆိုင်ရာများနှင့်ရပ်ကွက်များက အကြိုနေ့မှ စတင်၍ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)