ငပုတော ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ငပုတောမြို့ တောင်ပိုင်းရပ်ကွက်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင်လည်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့်ရပ်ကွက်များတွင်လည်း ရေကစားကြသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အေးချမ်းပျော်ရွှင်စွာ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)