မြောင်းမြ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ခရစ်နှစ် ၂၀၂၆ ခုနှစ်၊ မြောင်းမြမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့မဟာသင်္ကြန်မဏ္ဍပ်၌ သင်္ကြန်အကြိုနေ့မှစတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့အကျနေ့ညနေပိုင်းတွင်လည်း လူငယ်လူရွယ်များ ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမန်းသိန်းကျော်က ဗဟိုမဏ္ဍပ်တွင် အများပြည်သူများနှင့် ရင်းရင်းနှီးနှီးအတူတကွ ပျော်ရွှင်ဆင်နွှဲခဲ့သည်။
မြောင်းမြအတာသင်္ကြန်သည် ရှေးမြန်မာ့ရိုးရာ အစဉ်အလာမပြတ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အများပြည်သူများသည် အားလပ်ရက်သင်္ကြန်ကာလ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် သနပ်ခါးမဏ္ဍပ်များရှိပြီး ယိမ်းအကအလှပြိုင်ပွဲများ၊ ဖျော်ဖြေရေးများကို အတက်နေ့အထိ မြို့အနှံ့စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)