ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်

ရေနံချောင်း ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ် ရေးဆောင်ရန်ရှောင်ရန်အချက်များနှိုးဆော်ခြင်းကို ယမန်နေ့ညနေ နာရီက မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးနှင့်မကွေးခရိုင်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက်အရ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးဦးသက်နိုင်ဝင်းနှင့် ဦးစိုးမင်းဦးတို့ ဦးဆောင်သောတပ်ဖွဲ့ဝင် များက ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ နှင့် မီးသုံးစွဲသူပြည်သူများ လိုက်နာရန်အချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ပြည်သူ များအကြား ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း နေအိမ်ပြင်ပသွားလာသူတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း စသည့်အချက်များကို မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့လိုက်လံကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး