နေပြည်တော် ဧပြီ ၁၄
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကျနေ့၌ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် မဏ္ဍပ်များတွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ပျော်ရွှင်စွာဖြင့် စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲကြသည်။
မဟာသင်္ကြန်အကျနေ့တွင် သာကေတ၊ ထန်းတပင်(ရန်ကုန်)၊ လားရှိုး၊ မူဆယ်၊ ပြင်ဦးလွင်၊ ပြည်ကြီးတံခွန်၊ ကံမ၊ ငဖဲ၊ သနပ်ပင်၊ ရွှေသောင်ယံ၊ မင်းလှ(ပဲခူး)မြို့နယ်တို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် တေးသံရှင်များက တေးသံသာများ၊ ယိမ်းအကအလှအဖွဲ့များက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်ပွဲတော်နှင့် စတုဒိသာမဏ္ဍပ်တို့တွင် သင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပြန်/ဆက်