မြဝတီ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန် လမ်းလျှောက်ပွဲတော်နှင့် မြဝတီအာရှလမ်းမကြီးတစ်လျှောက် မဟာသင်္ကြန်(အကျနေ့)တွင် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာရေကစားလျက်ရှိသည်။
မြဝတီမြို့ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ယိမ်းအဖွဲ့များ၊ ရပ်ကွက်များမှ ယိမ်းအဖွဲ့များနှင့် မြဝတီမြို့ရှိ စင်တင်တေးဂီတအဖွဲ့များက ရေဆော့ကစားသူပြည်သူများအား အကအလှများ၊ တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မုန့်လုံးရေပေါ်၊ ရွှေရင်အေး အစရှိသည့် မြန်မာ့ရိုးရာအစားအစာများဖြင့် ဧည့်ကျွေးမွေးခဲ့ကြကာပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွင်စွာ လာရောက်ရေကစားလျက်ရှိသည်။
အလားတူ မြဝတီမြို့ အာရှလမ်းမကြီးတစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက်များတွင်လည်း သင်္ကြန်ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိရာ ရေကစားသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)