စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကျနေ့ ဌာနဆိုင်ရာမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်ရှိ မြို့နေပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုအား လိုက်လံကြည့်ရှု

မုံရွာ ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ သင်္ကြန်အကျနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် နေရာသို့ သွားရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် ပြုလုပ်လျက်ရှိသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍပ်များရှိ ယိမ်းလှပျိုဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒီသာကျွေးမွေးနေမှုများနှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် မုန့်လက်ဆောင်၊ ဂျုံကြို၊ ကြာဇံဟင်း၊ ရွှေရင်အေးများ စတုဒိသာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုးပွဲသို့ ရောက်ရှိရာ ထမနဲထိုးရန် ပါဝင်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပျော်ရွှင်စွာထမနဲထိုးနေမှုများအား မြို့နေပြည်သူများနှင့် တစ်ပျော်တစ်ပါး စုပေါင်းအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)