ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများ စည်ကားများပြား

ပြည် ဧပြီ ၁၄

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်(အကျနေ့) နံနက်ပိုင်းတွင် ပြည်မြို့ ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်၌ ရေကစားသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

ဗဟိုမဏ္ဍပ်၌ ရေကစားသူများအား တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြမှုများ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ အဖွဲ့အလိုက် ကပြဖျော်ဖြေမှုများအပါအဝင် မုန့်လုံးရေပေါ်နှင့် ကျောက်ကျောရွှေရင်အေး အစရှိသည့် ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးကြပြီး ရေကစားသူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။

အလားတူ ပြည်မြို့ လမ်းလျှောက်သင်္ကြန်၌ လာရောက်ရေကစားသူများအား မြန်မာ့ရိုးရာ သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးလိမ်းကျံပေးခြင်း၊ လက်ဖက်မဏ္ဍပ်မှ ရိုးရာလက်ဖက်သုပ်များ ကျွေးမွေးဧည့်ခံခြင်းတို့ဖြင့် လမ်း‌လျှောက်သင်္ကြန်အား ကျင်းပဆင်နွှဲလျက်ရှိပြီး ရေကစားသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)