မြောင်းမြတွင် မဟာသင်္ကြန်အကျနေ့တွင် ရေကစားသူများဖြင့် စည်ကား

မြောင်းမြ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မဟာသင်္ကြန်အကျနေ့  နံနက်ပိုင်းတွင် တေးသီချင်းဖျော်ဖြေရေးများ၊ ယိမ်းအကများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရေသဘင်ပွဲဆင်နွဲနေကြသောပြည်သူများ၊ ရေပက်ခံထွက်လာကြသူများ၊ မြို့မိမြို့ဖများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများအား စတုဒီသာအဖြစ် ဌာနဆိုင်ရာများက ကျွေးမွေးဧည့်ခံပြီး ပြည်သူများမှ လာရောက်သုံးဆောင်ကြပြီး အတာရေပက်ဖြန်းကစားကြသူများဖြင့် စည်ကားလျက်ရှိပါသည်။

မြောင်းမြခရိုင်၊ မြောင်းမြမြို့ မဟာသင်္ကြန်ရေကစားမဏ္ဍပ်တွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ညနေပိုင်းတွင်လည်း ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များ ရှိနေမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)