ဘိုကလေးမြို့နယ်တွင် မဟာသင်္ကြန် အကျနေ့၌ စည်ကားသိုက်မြိုက်စွာ  ရေဆော့ကစား

ဘိုကလေး ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယနေ့ အကျနေ့ နံနက်၌ မြို့နယ်လုံးဆိုင်ရာ မိသားစု ရေကစားမဏ္ဍပ် အပါအဝင် မြို့နယ်တွင်းရှိ နေရာအနှံ့အပြားတွင် ရေဆော့ကစားကြသူများ စည်ကားလျက်ရှိသည်။

ဘိုကလေးမြို့နယ်တွင် ရေဆော့ကစားကြသူများက မြို့နယ်တွင်း နေရာအနှံ့အပြား၌ ရေပက်ခံ လှည့်လည်ခြင်း၊ စတုဒိသာ မဏ္ဍပ်များ၊ သနပ်ခါး သင်္ကြန်မဏ္ဍပ်များတွင် ပါဝင်ရေဆော့ကစားခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး ဘုရား၊ စေတီ၊ ကျောင်းကန်များတွင်လည်း ဥပုသ်သီလ ဆောက်တည်သူများ များပြားစွာ ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)