အုတ်ဖို ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သို့ အသွားအလာကန့်သတ်မြို့နယ်များမှ ပြန်ရောက်လာသူများအား ယနေ့ နံနက်ပိုင်းက RDT နည်းဖြင့် စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်းနှင့် ဆေးကုသမှု ခံယူ နေသူတစ်ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အသွားအလာ ကန့်သတ်မြို့နယ်များမှ (၁၀)ဦး နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြို့နယ်ည ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အ.လ.က ချမ်းမြသာမြေ Quarantine Center တွင် ထားရှိကာ RDT နည်းဖြင့် စစ်ဆေးရာ ပိုးတွေ့ရှိသူ မရှိကြောင်းနှင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ (၁) ဦးမှာ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၇၁)ဦးရှိရာ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၆၆)ဦး ရှိပြီ ဖြစ်ပြီး (၅)ဦးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)