မော်လိုက်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ လမ်း‌လျှောက်သင်္ကြန် မဏ္ဍပ်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပ

‌မော်လိုက် ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင် မော်လိုက်မြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် လမ်း‌လျှောက်သင်္ကြန်ပွဲကို သင်္ကြန်ကာလအတွင်း မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လမ်း‌လျှောက်သင်္ကြန်  မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၃)နာရီအချိန်က ခမရ(၃၆၅)တပ်ရင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မော်လိုက်ခရိုင် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်၊ ဒုတိယဗိုလ်မှူးကြီး  ကျော်ဇင်လတ်၊ ဒုတိယရဲမှူးကြီး ဝင်းနိုင်မော်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး၊ ယိမ်းအကအဖွဲ့များမှ တက်ရောက်လာ သည့်ဧည့်သည်တာ်များကို ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက သင်္ကြန်ယိမ်းအဖွဲ့များအား အတာရေပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင်၊ စတုဒီသာကျွေးမွေးခြင်းများ၊ ပျော်ရွှင်စွာရေကစားကြသူများ၊  လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများအပြင် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)