ဘားအံမြို့၌ သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်အား သင်္ကြန်ချစ်သူများမှ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲ

ဘားအံ ဧပြီ ၁၃

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်၊ ခရစ်သက္ကရာဇ် (၂၀၂၆)ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အား ယနေ့  သင်္ကြန်အကြို့နေ့ကို ကရင်ပြည်နယ် ဘားအံမြို့နယ်၌ နံနက် ၇ နာရီအချိန်က စတင်ပြီး သံလွင်မြစ် ကမ်းနားလမ်းတစ်လျှောက်ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးဌာန မဏ္ဍပ်များအား သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ သီရိလမ်းရှိ သီရိကွင်းဒုံးစင် မြန့်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို နံနက် ၈ နာရီအချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို နှင့်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား သံလွင်မြစ်ကမ်းနဘေး ကမ်းနားလမ်းတစ်လျှောက်ရှိ ပြည်နယ်ဝန်ကြီးဌာနမဏ္ဍပ်များ၊ ကမ်းနားလမ်း(ခေမာလမ်းနှင့်အင်ကုန်းလမ်းကြား) လမ်းလျှောက်သင်္ကြန်၊ ကန်သာယာပတ်လမ်းချစ်သူလမ်းကြား လမ်းလျှောက်သင်္ကြန်နှင့် အမှတ်(၄)ရပ်ကွက် ဇွဲကပင်ပန်းခြံနှင့် ပြည်နယ်လွှတ်တော်ရုံးရှေ့လမ်းလျှောက် သင်္ကြန်နေရာများ၊ မြို့နယ်ရပ်ကွက်များအတွင်းရှိ သင်္ကြန်ချစ်သူအစုအဖွဲ့ သင်္ကြန်မဏ္ဍပ်များ ရပ်ကွက်လမ်းသွယ်များမှ သင်္ကြန်ချစ်သူလူငယ်လူရွယ်များမှ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)