ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပ

ကန်ကြီးထောင့်    ဧပြီ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန် ပွဲတော်အား သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရက်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ“View Point”တွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်က ၁၃၈၇ခုနှစ်၊ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုက်နယ်အသီးသီးတို့မှ ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် သီဆိုကပြကာ ဖွင့်လှစ်သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ တိုက်နယ်(၉)ခုမှ ယိမ်းအဖွဲ့များ၊ Future World ကိုယ်ပိုင်ကျောင်းမှ ယိမ်းအဖွဲ့၊ သဘင်ဂီတအဖွဲ့နှင့် DJ အဖွဲ့များမှ ကပြသီဆို ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများအား ပေးအပ်ကြသည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရေကစားကြသူများအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသည်။

အလားတူ ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများ၌လည်း ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်အား ကျင်းပကြပြီး စတုဒိသာများဧည်ခံ ကျွေးမွေးကြကာ ရေကစားသူများဖြင့်စည်ကား လျက်ရှိကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)