ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ထန်းတပင်(ပဲခူး) ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို အောင်သုခရပ်ကွက် လွတ်လပ်ရေးပန်းခြံရှေ့တွင် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က နှစ်သစ်အဖွင့်အမှာစကားပြောကြားပြီး မန်တောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာယိမ်းအဖွဲ့များက သင်္ကြန်တေးသံသာများဖြင့် သီဆိုဖျော်ဖြေ၍ ကပြခဲ့ကြသည်။ ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍအနီးတွင် လမ်းလျှောက်သင်္ကြန်အပြင် သနပ်ခါးသင်္ကြန်နှင့် ရေကစားမဏ္ဍပ်များ ရေကစားကြသူများနှင့် ရေပက်ခံထွက်လာကြသူများကို စတုဒီသာကျွေးမွေးခြင်းများ နေ့စဥ်ကျွေးမွေး လှူဒါန်းသွားမည် ဖြစ်သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးကျော်ကျော်ဦး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး ကပြဖျော်ဖြေသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)