ဒိုက်ဦး ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့ဝင်များနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာအတာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် (ဖွင့်ပွဲ) အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဒိုက်ဦးမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယိမ်းအဖွဲ့ဝင်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများအား သပြေခတ်ဖြင့် ရေပတ်ဖျန်းပေးကြပြီးနောက် ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေကြပါသည်။
ယခုနှစ် မြန်မာ့ရိုးမဟာသင်္ကြန်ပွဲတော်တွင် မင်းတဲရပ်ကွက်(၂)ဖွဲ့၊ အ.ထ.က (၁) ယိမ်းအဖွဲ့(၂)ဖွဲ့၊ ဖအောင်ဝဲရပ်ကွက်(၂)ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့တို့က ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)