ညောင်လေးပင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်လေးပင် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ ၂၀၂၆ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်း လျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် နံနက်က ခရိုင်စုပေါင်းရုံးရှေ့ ရန်ကုန်မန္တလေး ကားလမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက နှစ်သစ်ကြိုဆို နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များက ကပြဖျော်ဖြေကြရာ ဌာနဆိုင်ရာများ၊ ရေကစားလာသူများက အတာရေများဖြင့် အပြန်အလှန်ပက်ဖျန်းကာ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ညောင်လေးပင်တပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်သူများ ရေကစားနို​င်အတွက် ရေလုံလောက်စွာရရှိရေး စီစဥ်ဆောင်ရွက်ထားပြီး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သင်္ကြန်အကြိုနေ့မှ စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)