ကျောက်တံခါး ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အ-ထ-က (ကျောက်တံခါး) ကျောင်းရှေ့ အောင်သပြေလမ်းနှင့် ဦးစံကျော်လမ်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်နှုတ်ခွန်းဆက်ပြောကြားပြီး ယိမ်းအဖွဲ့များက မြနန္ဒာသီချင်းဖြင့် ကပြဖျော်ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား နံ့သာရေဖြင့် ပက်ဖျန်းပေးပြီး ပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန် ပျော်ရွှင်စွာ ဆင်နွဲကြသည်။
ကျောက်တံခါးမြို့နယ်တွင် မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်ဖျော်ဖြေ၍ ဌာနဆိုင်ရာများက အလှူရှင်များက နေ့စဥ် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးပြီး မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)