မြောင်းမြမြို့တွင် မဟာသင်္ကြန်အကြိုနေ့ ရေကစားသူများဖြင့်စည်ကား

မြောင်းမြ ဧပြီ ၁၃

ဧရာဝတီတိုင်းဒေကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ အကြိုနေ့နံနက်ပိုင်း၌ ရေကစားသူများဖြင့်စည်ကားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့နံနက်ပိုင်း၌ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ ရေကစားနေသူများနှင့် စတုဒီသာကျွေးမွေးနေသူများဖြင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။ ၎င်းအပြင် မြောင်းမြခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌတို့၏ လမ်းညွှန်စီစဉ်မှုဖြင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌လည်း ရေသဘင်၊ သနပ်ခါးသဘင်များဆင်နွှဲလျက်ရှိပြီး တေးသံရှင်များကလည်း သီဆိုဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ဗဟိုမဏ္ဍပ်၌ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများမှ စတုဒီသာကျွေးမွေးခြင်း၊ ယိမ်းအဖွဲ့များမှ ယှဉ်ပြိုင်ကပြခြင်း၊ ဖျော်ဖြေရေးအဖွဲ့များမှ ကပြဖျော်ဖြေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)