ဝေါမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ဝေါ ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း၊ မြို့မိမြို့ဖ ဦးဌေးအောင်နှင့် မြို့မိမြို့ဖဦးသက်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရွှေတံဆိပ်ဆုရှင် တေးသံရှင်လှိုင်မင်းထွန်းက မြူမှောင်ဝေကင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ယိမ်းအဖွဲ့များက ကပြ​ဖျော်ဖြေပေးသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများတို့က ရွှေဘုန်းပွင့်လမ်းမကြီးပေါ်တွင် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိလာသူများအား စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)