ကျောက်ကြီး ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီးအရှေ့ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်း ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ယနေ့ နံနက် ၉ နာရီတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမှတ်(၃)စစ်ဗျူဟာ ကျောက်ကြီးတပ်နယ်မှူး ဗိုလ်မှူးကြီး တင်လင်းဦး၊ ကျောက်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဖြိုးဝေလင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဗိုလ်မှူး ဖြိုးစည်သူမင်းနှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးထွန်း တို့က ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောက်ကြီးတပ်နယ်မှူးက မြူမှောင်ဝေကင်း သီချင်းသီဆိုပြီး မြို့နယ်အတွင်းရှိ သင်္ကြန်ယိမ်းအဖွဲ့(၅၃)ဖွဲ့က သင်္ကြန်ယိမ်းအကအလှများဖြင့်ဖျော်ဖြေခြင်း၊ ဗဟိုမဏ္ဍပ်ရှေ့တွင် အတာရေများပက်ဖျန်းခြင်း၊ နယ်မြေခံတပ်ရင်းများမှ စတုဒိသာ ထမင်းဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ စင်တင်တေးဂီတများဖြင့်ဖျော်ဖြေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျောက်ကြီးတပ်နယ်မှူး၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် သင်္ကြန်ယိမ်းအဖွဲ့များ ဒေသခံပြည်သူ (၁၀၀၀)ကျော် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်