စလင်း ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အေးချမ်းပျော်ရွှင်စွာဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို မြင်တင်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ရာ အခမ်းအနားအား ဦးသိန်းဇော်က အခမ်းအနား စတင်ဖွင့်လှစ်ကြောင်းကြေငြာ၍ အခမ်းအနားဖွင့်လှစ်မည့် မုဒ်ဦးရှေ့တွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှနေရာယူ၍ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်မုဒ်ဦးရှေ့တွင် မင်္ဂလာအချိန်ကျရောက်သည့် ယနေ့နံနက် ၈ နာနာရီအချိန်က ဖဲကြိုးဖြတ်ဖွစ့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာ သင်္ကြန်ဗဟိုမဏ္ဍပ်စင်မြင့်ထက်တွင် ၁၃၈၇ ခုနှစ်မြန်မာရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖများအား အထူးကျေးဇူးတင်ရှိကြောင့်ဖြင့် နှစ်သစ်ကူးသည့်အခါသမရတွင် ပြည်သူအားလုံး အေးချမ်း ပျော်ရွှင်စွာဖြင့် ပါဝင်ရေကစားကြစေလိုကြောင်း နှစ်ကူးဆုတောင်းစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းပျိုဖြူလေးများမှ မြန်မာ့ရိုးရာမဟာသင်္ကြန် တင်ဆက်ကပြမည့် ဗဟိုမဏ္ဍစင်မြင့်ထက်တွင်နေရာယူ၍ ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းမှ ယိမ်းအဖွဲ့ (၁၂) ဖွဲ့တို့မှ ဗဟိုမဏ္ဍပ်ရှေ့တွင်နေရာယူ၍ မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဆင်ဖြူကျွန်းမြို့မှ ယိမ်းအဖွဲ့သီဆိုဖျော်ဖြေခဲ့ရာ မြိုနယ်စိမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးတို့က ဆုငွေများချီးမြင့်ကာ ပြည်သူအများနှငိ့ယိမ်းအဖွဲ့များ အေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားကြကြပြီး စတုဒီသာမဏ္ဍပ်အတွင်း မုန့်လုံးရေပေါ်၊ အအေးထမင်းများ ကျွေးမွေးခဲ့ကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)