ကဝ ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပဲခူး-ကဝ လမ်းမကြီးပေါ်တွင်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်၊ ဦးအောင်ညီညီစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးရဲထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးလှသိန်းတို့က မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ကဝမြို့နယ်တွင် မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ကာလအတွင်း ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်ဖျော်ဖြေ၍ ဌာနဆိုင်ရာများကနေ့စဥ်စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးပြီး မြန်မာ့ရိုးရာလမ်းလျှောက် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)