သဲကုန်းမြို့နယ်၌ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဥ်​ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ

သဲကုန်း ဧပြီ ၁၃

ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၁၃၈၇) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲကိုယနေ့ နံနက်(၉)နာရီအချိန်က ရပ်ကွက်(၁)၊ ရုံးလမ်း၊ မြို့မရဲစခန်းရှေ့ရှိ ဗဟိုရေကစားမဏ္ဍပ်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သဲကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး သဲကုန်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဏပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနာဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဧည့်သည်တော်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များအား မြန်မာ့ရိုးရာယဥ်ကျေးမှု အစဉ်အလာနှင့်အညီ အမွှေးနံ့သာ သပြေခက်ဖြင့် ရေပက်ဖျန်းပေး၍ အတာသင်္ကြန်အားကြိုဆိုပြီး “မြနန္ဒာ” သီချင်းသီဆို၍ ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေပေးသည်။

သဲကုန်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဖြင့် ပျော်ရွှင်စွာရေပက်ကစားခြင်း၊ မြို့နယ်အတွင်းရှိ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)