ဇလွန်မြို့နယ်တွင် ၁၃၈၇ခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ဇလွန်     ဧပြီ      ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ တွင် ညောင်ပင်စျေးရပ်ကွက်အံတော် ပတ်လမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပသည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်ဇနီးမှဧည့်သည်တော်များအား မဟာအတာသင်္ကြန်ပန်းကုံးများ ချီးမြှင့်ပေးခဲ့သည်။ယင်းနောက်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးထွန်းထွန်းလင်းက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာအင်္ကြန်ပွဲတော်အား မြန်မာမှုမြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအနှစ်သာရများပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ၁၃၈၇ခုနှစ်မြန်မာ့ ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန် ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ယင်းနောက် မြူမှောင်ဝေကင်းသီချင်း ဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ နှစ်သစ်အကြိုအောင်သပြေခက်နှင့် ရေစင်သွန်းလောင်း၍ ယိမ်းအဖွဲ့များက အလှည့်ကျဖျော်ဖြေကြသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)