မင်းလှမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မင်းလှ ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမှတ် (၂) ရပ်ကွက်၊ ကန်ကြီးတန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို (သင်္ကြန်အကြိုနေ့) ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက နှစ်သစ်ကူးမင်္ဂလာများစကားများ ပြောကြားခဲ့သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ မြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေသည့်ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့၍ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာအဖြစ် ရွှေရင်အေးကျွေးမွေးခြင်းများကို ပါဝင်ဆင်နွဲခဲ့ကြသည်။

ထို့နောက် ယိမ်းအကဖွဲ့ (၅) ဖွဲ့က တစ်နှစ်နွမ်းတစ်နှစ်ဆန်း၊ နွေဦးကဗျာ၊ သင်္ကြန်မိုး၊ ကောင်းသောနှစ်၊ ရင်ထဲကမြို့မ စသည့်သင်္ကြန်သီချင်းများ၊ တေးသံရှင်များက ခေတ်ပေါ်သီချင်းများဖြင့် ဧည့်ခံကပြသီဆိုဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများကကြည့်ရှုအားပေးခဲ့၍ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

ပေါက်စ(မင်းလှ)