ရွှေသောင်ယံကမ်း‌ခြေသို့ သင်္ကြန်အကြိုနေ့ ဧည့်သည်များဝင်ရောက်

ရွှေသောင်ယံ ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ကမ်းခြေသို့ သင်္ကြန်အကြိုနေ ဧည့်သည်များအပန်းဖြေလာရောက်ကြသည်ကို တွေ့ရသည်။ ရွှေသောင်ယံမြို့ရှိ Sea&Lake အပန်းဖြေဥယျာဉ်သို့ သင်္ကြန်မတိုင်မီရက်များမှစတင်၍ ဧည့်သည်များဝင်ရောက်လျှက်ရှိပြီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုသင်္ကြန်အကြိုရက်တွင် အနားယူအပန်းဖြရန်လာရောက်ကြသော ဧည့်သည်များပိုမိုများပြားလျှက်ရှိသည်ကို တွေ့ရသည်။

ရွှေသောင်ယံမြို့သို့ အပန်းဖြရန်ဝင်ရောက်လာကြသောဧည့်သည်များမှာ စုပေါင်းငှားရမ်းလာကြသော မှန်လုံယာဉ်များဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ကားများဖြင့်လည်းကောင်း၊ အိုးဝေများဖြင့်လည်းကောင်း အမျိုးမျိုးလာရောက်ကြပြီး Sea & Lake ဉယျာဉ်တွင် လည်ပတ်ပြီး တည်းခိုသူများ၊ ချောင်းသာ၊ ရွှေသောင်ယံရှိ ကမ်းခြေဟိုတယ်များသို့ သွားရောက်တည်းခိုသူများစသည်ဖြင့် သင်္ကြန်ကာလတွင် စိတ်အေးချမ်းသာစွာဖြင့် အနားယူအပန်းဖြနိုင်ရန်လာရောက်ကြသူများကိုတွေ့ရသည်။

ကိုကိုမောင်