ပေါင်းတည် ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တွင်ဖျော်ဖြေရန် သင်္ကြန်ယိမ်းအဖွဲ့များ ဝတ်စုံပြည့်ဝတ်ဆင် ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမတွင် စုဖွဲ့ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဝတ်စုံပြည့်ဝတ်ဆင် အပြီးသတ်စုဖွဲ့လေ့ကျင့်မှုနေများကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သင်္ကြန်အကြိုနေ့တွင် ပေါင်းတည်မြို့၊ ဈေး(၁)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် သကျမုနိမိုဃ်းကောင်းဘုရားကြီးရှေ့၊ ဘုရားကြီးလမ်းဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဆင်နွှဲရန် ဆင်ယင်ပြုလုပ်ထားသည့်နေရာတွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)