ရွှေတောင်မြို့နယ်၌ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေး

ရွှေတောင် ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် ငှက်ဖျားရောဂါကူးစက်မှုပပျောက်ရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယနေ့နံနက်ပိုင်းက ညောင်စာရေးကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျောက်ထရံကျေးလက်ကျန်းမာရေးဌာန (ခွဲ) အပိုင်ဇီးကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများအား ငှက်ဖျားပိုးသွေးဖောက်စစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တာရှည်ခံဆေးစိမ်ခြင်ထောင် (အခမဲ့) ဖြန့်ဝေခြင်းများကို ညောင်စာရေးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)