ဝေါ ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးဘေး၌ ဗဟိုမဏ္ဍပ် ဆောက်လုပ်ခြင်း၊ ဖွင့်ပွဲပြုလုပ်ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒီတာများကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း (၁) ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ခြင်း၊ ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွား ပူဇော်ခြင်းများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ရွှေဘုန်းပွင့် လမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)