မော်လမြိုင်ကျွန်း ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းတွင် ဧ ပြီလ ၁၁ ရက်နေ့က မီးလောင်မှုကြောင့် နေအိမ်များပျက်စီးမှု ဖြစ်ပွားခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းများကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ စွန်းလွန်းဘုန်းတော်ကြီးကျောင်း၌ ပံ့ပိုးပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင် (၁)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဦးစီးမှုးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ စံပယ်လမ်းတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ပံ့ပိုးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ကျပ် (၄၁၈၆၄၄) တန်ဖိုးရှိ ပုံး (၃) ခု၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၀၀၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀၀၀၀) စုစုပေါင်း ပံ့ပိုးရန်ပုံငွေကျပ် (၃၆၀၀၀၀) တိတိကို မော်လမြိုင်ကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် (၁)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရပ်/ ကျေးစာရေးတို့နှင့်အတူ မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပံ့ပိုးငွေများ ပေးအပ်ခဲ့ကြပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အိမ်ထောင်စု (၁) စုလျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ထပ်မံပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)