ဒေးဒရဲမြို့နယ်၌ (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မဟာသ​င်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်နှင့် လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ပြီးစီးမှုအား ယနေ့နံနက်(၁၀) နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

၁၃၈၇ ခု မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာအတွင်း ဒေးဒရဲမြို့နယ် ဗဟိုမဏ္ဍပ်၌ နေ့စဉ်ဖျော်ဖြေရန် ယိမ်းအဖွဲ့များ၊ ခေတ်ပေါ်တေးဂီတဝိုင်းများ စီစဥ်ထားရှိပြီး လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်နှင့် စတုဒိဿာ မဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲအား ပါဝင်ဆင်နွှဲနိုင်ရေး  သက်ဆိုင်ရာကော်မတီများအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း