ဝါးခယ်မ ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွေစပါးရိတ်သိမ်းလျက်ရှိသည့် တောင်သူများအား စက်သုံးဆီများစနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များမှ Own PO ရရှိသည့် ပရီမီယံ စက်သုံးဆီများအား နွေစပါးရိတ်သိမ်းမည့် တောင်သူများထံသို့ တစ်ဧကလျှင် နှစ်ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု ၁၂၀ အုပ်စုရှိ နွေစပါးရိတ်သိမ်း ဧက ၆၈၃၉ ဧကအတွက်၊ စက်သုံးဆီ ၁၃၆၇၈ ဂါလံကို စနစ်တကျ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး တောင်သူများစနစ်တကျဝယ်ယူရရှိနိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)