လက်ပံတန်းမြို့၌ (၁၀၀) ကြိမ်မြောက် မဟာဒုက် ဆွမ်းဆန်တော်လှူဒါန်းပွဲကျင်းပ

လက်ပံတန်း ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၁၀၀)ကြိမ်မြောက် ရာပြည့် မဟာဒုက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက လမ်းမတော်လမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များက လက်ပံတန်းမြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း (၁၆၆) ကျောင်းရှိ သံဃာတော်နှင့် သီလရှင် (၄၀၀) ကျော်အား ကျောင်းတိုက်တစ်တိုက်လျှင် ဆွမ်းဆန်တော် တစ်အိပ်ခွဲ ဆီတစ်ပိဿာ၊ ကြက်သွန်ငါးပိဿာ၊ ဆေးမျိုးစုံနှင့် ၀တ္ထုငွေများ၊ စာရေးတံမဲပဒေသာပင်များ  ဆက်ကပ်လှူဒါန်းရာ စုစုပေါင်းအလှူငွေ ကျပ်တစ်ထောင့်သုံးရာငါးဆယ့်ငါးသိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)