နတ်တလင်း ဧပြီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ လမ်းလျှောက်သင်္ကြန်နှင့် ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မဏ္ဍပ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များက နတ်တလင်းမြို့နယ်အတွင်း ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်နေရာများကို တည်ဆောက်လျက်ရှိရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့၌ မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)